ဘူးသီးတောင် ပြည်ခိုင်ဖြိုး ဝါဆိုသင်္ကန်းကပ်လှူ

ဘူးသီးတောင်၊ ဩဂုတ် ၄

ဘူသီးတောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူမှုကို ဘူးသီးတောင်မြို့နယ်၊ အမှတ် ၅ ရပ်ကွက်ရှိ သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။သာသနာ့ရိပ်သာဘုန်းတော်တိုက် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ကျောင်းတိုက်ရှိ ဆရာတော်သံဃာတော်များနှင့် ဥပုသ်သီလဆောက်တည်ရန် ရောက်ရှိလာကြသော ဥပုသ်သည်များကို ဆွမ်းဘောဇဉ်များနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းကျွေးမွေးခဲ့ကြသည်။

ဝါဆိုသင်္ကန်ဆက်ကပ်လှူဒါန်းရာသို့ ဘူးသီးတောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနေမင်းထွန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ လူငယ်ပါတီဝင်များက တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ သာသနာ့ရိပ်သာဆရာတော်ကြီးမှာ ဝါတော် ၄၅ ဝါရှိပြီဖြစ်ပြီး ဘူးသီးတောင်မြို့ပေါ်ရှိ သံဃာတော်များအနက် ဝါတော်အကြီးဆုံး ရဟန်းပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်းလည်း သိရသည်။

#ဘူးသီးတောင်ပြည်ခိုင်ဖြိုး