ပြည်ခိုင်ဖြိုးပါတီဌာနချုပ် တွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေနွေးပွဲအား
ယနေ့ ၈ ၊၈၊ ၂၀၁၆ရက်နေ့ နံနက်၀၉၀၀နာရီချိန်တွင် ဖွင့်ပွဲအခမ်းအနားအား
ပါတီဥက္ကဌ ဦးသိန်းစိန်မှ အဖွင့်အမှာစကားပြောကြားကာ ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဌများ ၊ ဗဟိုအတိုင်ပင်ခံများ
အထွေအထွေအတွင်းရေးမှူးး ၊တွဲဖက်အထွေထွေအတွင်းရေးမှူး နှင့် ဗဟိုအလုပ်အမှုဆောင်များ
လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းနှင့်ပြည်နယ်အသီးမှ အလုပ်ရုံ ဆွေးနွေးပွဲ သို့
တက်ရောက် လာကြသည့် ပါတီ ကော်မတီ ဝင်များ စုစုပေါင်း အင်အား ၁၅၀ ဦးခန့်
တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲ အခမ်းအနားတွင် ပါတီဥက္ကဌ ဦးသိန်းစိန်မှပြောကြားရာတွင်
မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး
ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မှု ဆောင်ရွက်ချက်များ၊တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးကိုဦးတည်သော ဖက်ဒရယ် ပြည်ထောင်စုဖော်ဆောင်မှု တို့ကိုအကျယ့်တဝံ့
ရှင်းလင်းမှာကြားခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ၄ရက်ကြာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Leave a Reply