ဗြိတိန်တွင် လောင်စာဆီစျေး စံချိန်တင်မြင့်တက်လာသဖြင့် ယာဉ်မောင်းများကားကိုဖြည်းညှင်းစွာမောင်းနှင်၍ ဆန္ဒပြ

ဗြိတိန်တွင် လောင်စာဆီစျေးနှုန်းများ စံချိန်တင်မြင့်တက်လာပြန်သဖြင့် ယာဉ်မောင်းများ မိမိတို့၏ ကားများကို လမ်းမပေါ်တွင် ဖြည်းညှင်းစွာမောင်းနှင်ခြင်း(Go-Slow)ဖြင့် ဆန္ဒပြခဲ့ကြသည်။ယာဉ်မောင်းများသည် အဓိကအားဖြင့် ၃လမ်းသွား ယာဉ်ကြောများတွင် အဓိကထားပြီး ဖြည်းညှင်းစွာမောင်းကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကားများဖြည်းညှင်းစွာမောင်းနှင်နေကြခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့သွားသောလမ်းများတွင် M4 နှင့် Prince of Wales တံတား၊ Devon တွင် M5, M32, A38 လမ်းမများ၊ Lincolnshire ရှိ M180 လမ်း၊ Essex ရှိ A12၊ စကော့တလန်ရှိ A92၊ York အနီးရှိ A64၊ အင်္ဂလန်နှင့် ဝေလနယ်ကြားရှိ River Severn ကိုဖြတ်၍ လမ်းကြောင်းနှစ်ခုစလုံးမှ ဖြတ်သွားရသော Prince of Wales တံတားအထိ ယာဉ်တန်းများဖြင့် ပိတ်ဆို့သွားစေခဲ့ကြောင်းသိရသည်။

ထိုသို့မောင်းနှင်ခြင်းကြောင့် “အန္တရာယ်ရှိသော မောင်းနှင်မှု”ဖြင့် ယာဉ်မောင်းတစ်ဦးကို ရဲက ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။ Ref: UK Petrol Prices Hit New Record as Drivers Stage Go-Slow Protest(Bloomberg)