ဥရောပတဝန်းမှာ အမေရိကန်ရဲ့စစ်အင်အားတိုးမြှင့်ချထားမယ်

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်နဲ့ပတ်သက်ပြီး နေတိုးအဖွဲ့က စစ်ရေးအရ တုန့်ပြန်ပုံပြောင်းလဲဖို့ သဘော တူလိုက်တဲ့ နောက်ပိုင်း အမေရိကန်ကလည်း ဥရောပတဝန်းမှာ စစ်အင်အား တိုးချဲ့ချထားဖို့ ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  အထူးသဖြင့် အမေရိကန်အစိုးရဟာ ပိုလန်မှာ အမြဲတမ်း စစ်အခြေစိုက် စခန်းတစ်ခုတည်ဆောက်ထားရှိမှာဖြစ်ပြီး စပိန်ကိုလည်း စစ်သင်္ဘောအုပ်စုတွေ စေလွှတ်မယ်လို့သိရပါတယ်။ ဒါ့အပြင် ရိုမေးနီးယားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး တိုက်လေယာဉ်အုပ်စုကို ဗြိတိန်လေတပ်နဲ့ပူးပေါင်းစေမယ်လို့ သိရပါတယ်။ နေတိုးအဖွဲ့ကတော့ ဥရောပမှာ လက်ရှိတပ်ဖွဲ့ဝင်အင်အား ၄၀၀၀၀ ခန့်ကနေ ၃ သိန်းကျော်အထိ အသင့်ချထားမှာဖြစ်ပြီး ဒါဟာ စစ်အေးခေတ်နောက်ပိုင်း နေတိုးရဲ့အကြီးမားဆုံးအပြောင်းအလဲဖြစ်လာမှာပါ။ (BBC)