Squid Game ဒုတိယရာသီကို Netflix ကြေညာ

တစ်ကမ္ဘာလုံးမှာ လူကြိုက်များခဲ့တဲ့ Squid Game ကိုရီးယားဒရာမာကို ဒုတိယရာသီမှာ ထပ်မံထုတ်လွှင့်မယ့် အကြောင်းကို အွန်လိုင်းရုပ်ရှင်လုပ်ငန်း Netflix ကကြေညာခဲ့ပြီး ဒုတိယရာသီမှာ ဘာတွေပါဝင်လာနိုင်သလဲ ဆိုတာကို သဲလွန်စတွေပေးခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလက ထုတ်လွှင့်ပြီးတဲ့နောက်မှာ Squid Game က Netflix ပေါ်မှာ လူကြည့်အများဆုံး အစီအစဉ်ဖြစ်လာခဲ့ပါတယ်။ အဲဒီဇာတ်လမ်းက ငွေကြေးလိုအပ်နေတဲ့ပါဝင်သူတွေက ဘဝပြောင်းသွားစေမယ့် ငွေကြေးအတွက် ကလေးဘဝဂိမ်းတွေကစားကြတာကို ပြောပြတာဖြစ်ပြီး လူကြိုက်များပါတယ်။

Netflix က ထုတ်ပြန်ခဲ့တဲ့စာမှာ အစီအစဉ်ကိုရေးသားသူနဲ့ ဒါရိုက်တာ ဟွမ်ဒေါင်ယွတ် က ဒုတိယရာသီနဲ့ ပတ်သက်တဲ့အသေးစိတ်တချို့ကို အနည်းငယ်ပြောထားပါတယ်။

ဂီဟွန်းနဲ့ The Front Man ဇတ်ကောင်တွေပြန်ပါလာမယ်။ ဒါကီဝတ်စုံနဲ့လူလည်း ပြန်ပါလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဂိမ်းတစ်ခုမှာ ပါဝင်ခဲ့တဲ့ လှုပ်ရှားမှုအာရုံခံစက်ရုပ်အရုပ်လေး ယန်းဟီရဲ့ရည်းစားကို မိတ်ဆက်လာနိုင်တယ် စသဖြင့် ဒါရိုက်တာက အရိပ်အမြွက်ပြောထားပါတယ်။ ဒါပေမယ့် ဒုတိယရာသီကို ဘယ်တော့စလွှင့်မယ်ဆိုတာကိုတော့ Netflix က ပြောဆိုထားခြင်းမရှိသေးပါဘူး။

 

-Ref: Reuters/sr