မိုးမောက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ Grade-10 သင်တန်းမှ ဆရာ ဆရာမများအား ထမင်းဘူးများ လှူဒါန်း

မိုးမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက Grade-10 သင်တန်းမှ ဆရာ ဆရာမများ၊ သင်တန်းနည်းပြ များအား ထမင်းဘူးများလှူဒါန်းခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မိုးမောက်မြို့ အထက ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဗန်းမော်ခရိုင် ပါတီအတွင်း ရေးမှူး၊ မိုးမောက်မြို့နယ်တာဝန်ခံ ဒေါ်ဝိုင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူးဦးဒါ့ရှီးတူးလွမ်၊ မြို့နယ်ကော်မတီဝင်ဦးမြင့်လွင်၊ ဒေါ်မေရီနှင့် ရုံးအဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူး ရုံးမှ ကြီးမှူးဖွင့်လှစ်သော Grade-10 သင်တန်းမှ ဆရာ ဆရာမ ၁၁၃ဦးတို့အား ထမင်းဘူးများလှူဒါန်းခဲ့ကြောင်း သိရသည်။