ကော်ရိုနာဗိုင်းရပ်စ်ကြောင့် စောင့်ကြည့်ခန်းထဲရောက်နေတဲ့ စီရော်နယ်ဒို

ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုမှာ အသင်းဖော် ရူဂါနီတွင် ကော်ရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အီတလီသို့ပြန်တော့မည်မဟုတ်ပဲ မွေးရပ်မြေ မာဒဲလ်ယားရှိ နေအိမ်တွင် သီးခြားစောင့်ကြည့်ရေး အခန်းထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ ပေါ်တူဂီသတင်းစာနှစ်စောင်ဖြစ်သည့် Quotidiano Sportivo and Abola  တို့ကလည်း စီရော်နယ်ဒိုမှာ မာဒဲလ်ယားရှိနေအိမ် သီးခြားခန်းထဲအတွင်းသို့ ရောက်ရှိနေပြီဆိုသည်ကို သတင်းစာခေါင်းကြီးပိုင်းတွင် ဖော်ပြသွားခဲ့သည်။ ဂျူဗင်တပ်နောက်ခံလူ ရူဂါနီမှာ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဂျူဗင်တပ်အသင်းက ထုတ်ပြန်ကြေညာထားသည်။ ရူဂါနီမှာ အင်တာမီလန်ကို ၂-၀ ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အရန်ခုံပေါ်၌ လူစားဝင်ကစားသမားအဖြစ်ပါဝင်ခဲ့သည်။ ပွဲအပြီးတွင် အဝတ်လဲခန်းအတ