ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ ရောက်လာခြင်းအား သတိပြုရန်တိုက်တွန်း

သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးပညာရှင်များက ရန်ကုန်မြို့ရှိ လေထုညစ်ညမ်းမှုအခြေအနေသည် အန္တရာယ်ရှိသည့် အနေအထားသို့ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ရောက်ရှိခဲ့မှုအတွက် သတိပြု ဆောင်ရွက်ရန် တိုက်တွန်းလျက် ရှိသည်။

ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ရန်ကုန်မြို့၏ လေထုညွှန်ကိန်းသည် မြို့အတွင်းနေထိုင်သူများ၏ ကျန်းမာရေးအား ထိခိုက်စေနိုင်သည့် အဆင့်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ဖေဖော်ဝါရီလဆန်းပိုင်းမှ ဖေဖော်ဝါရီ ၂၅ ရက်အထိ ရန်ကုန်မြို့၏ လေထုညွှန်ကိန်းမှာ အန္တရာယ်မရှိသည့် အနေအထားမျိုးတွင်သာ ပုံမှန်တည်ရှိခဲ့ပြီး လကုန်ပိုင်းတွင် အန္တရာယ်ရှိသည့် အနေအထားသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း အတည်ပြုထားသည်။ မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူးဦးကျော်မိုးဦးက မော်တော်ယာဉ်များမှ ထုတ်လွှတ်သည့် မီးခိုးငွေ့များနှင့် စက်ရုံများမှ စွန့်ပစ်သည့်ဓာတုစွန့်ပစ်ပစ္စည်းများကြောင့် လေထုအရည်အသွေး ကျဆင်းလာခြင်းဖြစ်ကာ ယာဉ်ကြောပိတ်ဆို့မှု မြင့်မားသည့်နေ့များတွင် ရန်ကုန်မြို့၏ လေထု အရည်အသွေးကျဆင်းလေ့ရှိကြောင်း ပြောသည်။ ရန်ကုန်မြို့၏ လေထု အရည်အသွေး လျော့ကျစေမည့် လုပ်ဆောင်ချက်များအား တာဝန်ရှိသူများအား ပညာရှင်များနှင့်ညှိနိုင်းလုပ်ဆောင်ရန်တိုက်တွန်းမှုများ ပေါ်ထွက်ခဲ့သည်။  union