ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်များတွင် VAR အသုံးပြုသွားမည်ဟု UEFA အတည်ပြု

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)သည် ယခုရာသီယူရိုပါလိဂ်ရှုံးထွက်အဆင့် ပွဲစဉ်များတွင် ဗီဒီယို အထောက်အကူပြု ဒိုင်စနစ်( VAR)ကို အသုံးပြုသွားမည်ဟု အတည်ပြုထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့်ပွဲစဉ်များကို လာမည့်နှစ်ဖေဖော်ဝါရီလတွင် ယူရိုပါလိဂ်အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်သည့် (၂၄)သင်းနှင့်အတူ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ တတိယနေရာရသည့် (၈)သင်း ပေါင်းကာ စုစုပေါင်း (၃၂)သင်းဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲအဖြစ်ကစားခဲ့သည့် ချယ်လ်ဆီး ၄-၁ အာဆင်နယ်ပွဲစဉ်တွင် VAR ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြောင်း သိရသည်။