လီဗာပူးအသင်း နိုက်ကီနှင့် စံချိန်တင် စပွန်ဆာကြေးစာချုပ် ချုပ်ဆိုမည်

လီဗာပူးအသင်းဟာ နိုက်ကီကုမ္ပဏီနဲ့  ဗြိတိသျှစံချိန်တင် စပွန်ဆာကြေးရဖို့ အကြိုသ ဘောတူညီမှု ရရှိထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ နယူးဘဲလန့်နဲ့ ၂၀၂၀ မေလအထိ စာချုပ်သက်တမ်း ရှိသေးတဲ့ လီဗာပူးဟာ နိုက်ကီ အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီနဲ့ စံချိန်တင် စပွန်ဆာကြေးရဖို့ ရှိနေတာပါ။

လီဗာပူးအသင်းအနေနဲ့ နိုက်ကီကနေ တနှစ်ကိုပေါင် သန်း ၈၀ နဲ့ စပွန်ဆာရဖို့ရှိနေပြီး  အက်ဒီးဒက်စ်နဲ့ စာချုပ်ထားတဲ့ မန်ယူနိုက်တက်အသင်းရဲ့ ပေါင် ၇၅ သန်းတန်ဖိုးကို ကျော်ဖြတ်ဖို့ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ စပွန်ဆာ နယူးဘဲလန့်က ကန့်ကွက်သွားဖို့ ရှိနေပြီး စာချုပ်သက်တမ်း ကုန်ဆုံးအပြီးမှာ ဆက်ပြီး သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမူ ရှိနေတယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဟာလက်ရှိ  နယူးဘဲလန့်နဲ့ တစ်နှစ်ကို ပေါင် ၄၅ သန်းပဲ စပွန်ဆာကြေးရရှိနေတာ ဖြစ်ပါတယ်။