ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများ လူငယ်နှင့် အနာဂတ်နိုင်ငံတော် ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေး

 

ရန်ကုန် စက်တင်ဘာ ၂၅

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည့် လူငယ်နှင့်အနာဂတ် နိုင်ငံတော်ခေါင်းစဉ်ဖြင့် လူငယ်တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြောင်း သိရသည်။ ဦးစွာတွေ့ဆုံ ဆွေးနွေးရခြင်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးခင်ရီ၊ ဦးမြင့်စိုးနှင့် ဦးခင်မောင်စိုးတို့က ရှင်းလင်းတင်ပြခဲ့ ပြီးတက်ရောက်လာသည့် လူငယ်များက လက်ရှိဖြစ်ပေါ်နေသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ သော်လည်းကောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုများနှင့် ပတ်သက်၍ သော်လည်းကောင်း၊ ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ သော်လည်းကောင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ သော်လည်းကောင်း၊ လျှပ်စစ်မီတာခ ဈေးမြင့်တက်မှုစသည့် မေးခွန်းများကို မေးမြန်း ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင်များဖြစ်ကြသော ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ ဦးခင်ရီ၊ ဦးမြင့်စိုး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကျော်စိုးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်၊ ရပ်/ကျေးပါတီကော် မတီဝင်များ၊ ရပ်မိရပ်ဖများ၊ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။နေထက်ဝေ