ယူရိုပါလိဂ် တရာသီအကောင်းဆုံးဆုကို အီဒင်ဟာဇက် ရရှိ

ဘယ်လ်ဂျီယံတိုက်စစ်မှူး အီဒင်ဟာဇက်သည် ၂၀၁၈-၁၉ ရာသီအတွက် ယူရိုပါလိဂ်၏ အကောင်းဆုံးကစားသမား ဆုကို ရရှိသည်။ ချယ်လ်ဆီးနှင့် ယူရိုပါလိဂ် ဖလားရပြီး ရီးရဲလ်သို့ပြောင်းသွားသော အီဒင်ဟာဇက်သည် ဂျီရော့ဒ်နှင့် လူကာဂျိုဗစ်တို့ကိုကျော်ဖြတ်၍ ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ယင်းဆုသည် ၂၀၁၈-၁၉ ရာသီအတွင်း ဥရောပ၏  ဒုတိယ ပြိုင်ပွဲတွင် ကလပ်အတွက် စွမ်းဆောင်ရည်များအပေါ် မူတည်၍ ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ယင်းဆုကိုအက်သလက်တီကို ခြေစွမ်းပြရင်း ဖလား ရရှိခဲ့သည့် လက်ရှိဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းက ရရှိသည်။ ဟာဇက်သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်နှင့်တစ်ပွဲတည်း နှစ်ဂိုးသွင်းကာ ယူရိုပါလိဂ် သွင်းဂိုးနှစ်ဂိုးသာ ရှိခဲ့သည်။

ယူရိုပါလိဂ်တစ်နှစ်တာအ ကောင်းဆုံးဆုကို ၂၀၁၇ က စတင်ပေးအပ်ပြီး မန်ယူကွင်း လယ်လူ ပေါ့ဂ်ဘာက ပထမဆုံး ရရှိကာ တတိယမြောက်ဆုကို ဟာဇက်က ရရှိခဲ့သည်။

—Ref:Givemesport