သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီး ကျောင်းအတွင်း လုပ်အားဒါနပြု

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့နှင့် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့တို့ ပူးပေါင်း၍ သုံးခွမြို့နယ် ကျောင်းစု ပတုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းလုပ်အားဒါန ပြုကြကြောင်း သိရသည်။ ယင်းစုပေါင်း လုပ်အားဒါန ပြုလုပ်ရာသို့ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမောင်မောင်သင်နှင့် ကော်မတီဝင်များ၊ ခရမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ သုံးခွမြို့နယ် ပါတီ လူငယ်တာဝန်ခံ ကိုရဲသီဟနှင့်အဖွဲ့၊ ခရမ်းမြို့နယ် ပါတီလူငယ်တာဝန်ခံ ကိုမျိုးဇော်ဦးနှင့် အဖွဲ့တို့ ပူးပေါင်းအင်အား ၈ဝ တို့ လုပ်အားဒါန ပြုလုပ်ပေးကြကြောင်း သိရသည်။ကြည်စိုးလွင်(သုံးခွ)