စတုဂတ်အိုးပင်းချန်ပီယံဆုကို ဘာရက်တီနီ ရရှိ

ဂျာမနီနိုင်ငံ စတုဂတ်မြို့မှာ တနင်္ဂနွေနေ့ကကျင်းပပြီးစီးတဲ့ စတုဂတ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ အီတလီ တင်းနစ်သမား မတ်တီယိုဘာရက်တီနီက ချန်ပီယံဆုရသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲကဒီရာသီရဲ့ ပထမဆုံး မြက်ခင်းပြင်ကွင်းပြိုင်ပွဲဖြစ်ပြီး အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ ကမ္ဘာ့အဆင့် (၃၀)ဖြစ်တဲ့ ဘာရက်တီနီက ဆီဒင်အဆင့်(၇)ဖြစ်တဲ့ အော်ဂါအက်လီဆန့်ကို (၆း၎၊၇း၆)နဲ့နိုင်ပါတယ်။

အသက်(၂၃)နှစ်ရှိ ဘာရက်တီနီအနေနဲ့ (၁၁)လကာလအတွင်းမှာ အေတီပီချန်ပီယံဆုကို တတိယအကြိမ် ရယူနိုင်တာဖြစ်ပါတယ်။ နောက်ပြီး ဘာရက်တီနီဟာ(၂၀၁၁)ခုနှစ် နောက်ပိုင်းမှာ မြက်ခင်းကွင်းချန်ပီယံဆုရ ပထမဆုံး အီတလီနိုင်ငံသားအဖြစ်လည်း သမိုင်းဝင်သွားပါတယ်။ အသက်(၁၈)နှစ်သာ ရှိသေးတဲ့ အော်ဂါအက်လီဆန့်ကတော့ ကမ္ဘာ့အဆင့်(၂၁)ကို ရောက်သွားတဲ့အတွက် ကမ္ဘာ့ထိပ်တန်းတင်းနစ်သမား (၁၀၀)စာရင်းဝင် အသက်အငယ်ဆုံးသူအဖြစ် မှတ်တမ်း ၀င်သွားပါတယ်။ အော်ဂါအက်လီဆန့်ဟာ ဒီနှစ်ထဲမှာ ရီယိုဒီဂျနေရို အိုးပင်းနဲ့လိုင်ယွန်အိုးပင်းတို့မှာလည်း ဗိုလ်လုပွဲ တက်ပေမယ့် ရှုံးပြီး ဒုတိယဆုတွေသာရခဲ့ပါတယ်။ ဒါကြောင့် ဒီစတုဂတ်ဗိုလ်လုပွဲဟာ သူ့ရဲ့တတိယမြောက် ဗိုလ်လုပွဲရှုံးပွဲ ဖြစ်ပါတယ်။ 

-Ref:Skysports