အိန္ဒိယ-မြန်မာ တပ်ဖွဲ့များပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်က သူပုန်များကို ဖယ်ရှား

အိန္ဒိယနဲ့ မြန်မာတပ်မတော် တို့ ပူးပေါင်း စစ်ဆင်ရေးပြုလုပ်ပြီး၊ အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ မြန်မာနယ်စပ်က လက်နက်ကိုင် သူပုန်တွေရဲ့ စခန်းအချို့ကို ချေမှုန်း ဖယ်ရှားနိုင်ခဲ့တယ်လို့ ဇွန်လ(၁၆)ရက်က indianexpress သတင်းမှာ ဖော်ပြထားပါတယ်။

Operation Sunshine -2 လို့ နာမည်ပေးထားတဲ့ နှစ်နိုင်ငံတပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ဒီစစ်ဆင်ရေးကို မေလ(၁၆)ရက်ကနေ ဇွန်လ(၈)ရက်နေ့အထိ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီစစ်ဆေးရေးအတွင်း မြန်မာနိုင်ငံဘက်ခြမ်းမှာ တပ်စွဲထားတဲ့ NSCN-K အပါအ၀င် အိန္ဒိယလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စခန်း အနည်းဆုံး (၇)ခု (၈)ခုလောက်ကို မြန်မာ့တပ်မတော်က အမြှောက်နဲ့ ပစ်ခဲ့ပြီး၊ ဆုတ်ခွာလာတဲ့ သူပုန်အယောက်(၈၀)လောက်ကို အိန္ဒိယတပ်မတော်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုပြုလုပ်တဲ့ စစ်ဆင်ရေးမတိုင်ခင်က “Operation Sunshine-1” လို့ နာမည်ပေးထားတဲ့ စစ်ဆေးရေးတစ်ခုကိုလည်း အိန္ဒိယနဲ့ မြန်မာတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ ပြုလုပ်ခဲ့ကြပါတယ်။

အဲဒီစစ်ဆင်ရေးအတွင်းက အိန္ဒိယဘက်ခြမ်းမှာ ရောက်နေတဲ့ AA တွေရဲ့ စခန်းတွေကို အိန္ဒိယတပ်မတော်က တိုက်ခိုက်ခဲ့ပြီး၊ မြန်မာဘက်ကို ဆုတ်ခွာလာတဲ့ AA ကို မြန်မာ့တပ်မတော်က နှိမ်နင်းခဲ့ပါတယ်။

one news