ဒဏ်ရာပြဿနာအပေါ် စိုးရိမ်ပူပန်မှု မရှိကြောင်း ရော်နယ်ဒို ပြော

တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက လက်ရွေးစင်အသင်းနဲ့ အတူနိုင်ငံတကာပွဲကစားရင်း ရရှိခဲ့တဲ့ဒဏ်ရာ ပြဿနာ အပေါ် စိုးရိမ်ပူပန်မှုမရှိကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။  ပေါ်တူဂီအသင်းခေါင်းဆောင်ဖြစ်သူ ရော်နယ်ဒိုဟာ တနင်္လာညက ဆားဘီးယားအသင်းနဲ့တစ်ဂိုးစီသရေကျတဲ့ ယူရို၂၀၂၀ခြေစစ်ပွဲမှာ ပါဝင်ကစားရင်း ခြေထောက်ကြွက်သားဒဏ်ရာ ရခဲ့တာပါ။ ကွင်းအတွင်းမှာဆေးကုသမှုပြုလုပ်ခဲ့ပေမယ့် မသက်သာတာကြောင့် ပထမပိုင်းမှာတင်ပစ်ဇီနဲ့လူစားလဲခဲ့ရ တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်မီဒီယာတွေနဲ့တွေ့ဆုံရာမှာတော့ ရော်နယ်ဒိုက”ကျွန်တော့် ဒဏ်ရာကစိုးရိမ်စရာမရှိပါဘူး။ ကျွန်တော့် ကိုယ်ခန္ဓာ အကြောင်းကို ကောင်းကောင်း သိပါတယ်။  (၂)ပတ်လောက်အတွင်း ကျွန်တော် ပြန်ကောင်း လာမှာပါ”လို့ ပြောကြားခဲ့တာပါ။ ရော်နယ်ဒိုဟာ ပွဲချိန်အစောပိုင်းမှာလည်း နှာခေါင်းဒဏ်ရာရပြီး သွေးတွေယိုစီး ကျခဲ့တာကြောင့် အသင်းဆေး အဖွဲ့ရဲ့ ကုသမှုကို ခံယူခဲ့ရပါသေးတယ်။ ပေါင်သန်း(၁၀၀)နဲ့ ရော်နယ်ဒို ကို ခေါ်ယူထားတဲ့ ဂျူဗင်တပ် အသင်းကတော့ ဧပြီ(၁၀)ရက်မှာ နယ်သာလန်ကလပ်အေဂျက်ဇ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ် ကစားဖို့ရှိနေပြီး ရော်နယ်ဒို အချိန်မီပြန်ကစားနိုင်ဖို့မျှော်လင့်နေပါတယ်။

-Ref:Skysports