ပန်းကန်ဆေးအဝတ်လျှော် ဆပ်ပြာရည်ပြုလုပ်နည်းသင်တန်း မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ဖွင့်လှစ်

 

မဘိမ်း ဇန်နဝါရီ ၁၅

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အမျိုးသမီးရေးရာကော်မတီ မှကြီးမှူးကျင်းပသော ပန်းကန် ဆေး အဝတ်လျှော် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို ယမန်နေ့ တွင် လဝါကျေးရွာနေ ဦးထွန်းခိုင် ၏နေအိမ်၌ ကျင်းပခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌဦးဇော်လွင်၊ အတွင်းရေးမှူးဦးတင်ဝယ်၊ မြို့ နယ်ပါတီကော်မတီဝင် ဦးကံရွှေ၊ ဦီးခင်မောင်ရွှေ၊ ဦးသန်းမြတ်စိုး၊ ဦးအောင်ကျော်ဦး၊ ခရိုင်ပါတီကော် မတီဝင် ဦးတိုးမြင့်အောင်နှင့် ကျေး ရွာရှိအမျိုးသမီး ၃ဝ ခန့်တက် ရောက်ခဲ့ကြသည်။

သင်တန်းတွင်ခရိုင်အမျိုးသမီး တာဝန်ခံဒေါ်ခင်ဝိုင်းချစ်၊ မြို့နယ် အမျိုးသမီးတာဝန်ခံ ဒေါ်တာတာ လင်းတို့က ပန်းကန်ဆေး အဝတ် လျှော်ဆပ်ပြာရည်ပြုလုပ်ပုံအဆင့် ဆင့်ကိုရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးများအား လက်တွေ့ သရုပ်ပြချက်များပြသကာ ချက် လုပ်ရရှိပြီး ဆပ်ပြာရည်များကို လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။

ဇော်လွင်(မဘိမ်း)