မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ် ငန်းညှိနှိုင်းအစည်းအဝေးများသို့ မကွေးတိုင်းဒေသကြီးပါတီအတွင်းရေးမှူးတက်ရောက်

 

မကွေး ဇန်နဝါရီ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မကွေးတိုင်းဒေသကြီး ပါတီအတွင်း ရေးမှူးဦးဆန်းညွန့်အောင်သည် မကွေး ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးတင်မြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင်ဦးနေရှင်းတို့လိုက် ပါလျက် ယနေ့နံနက် ၁ဝ နာရီခွဲမှ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲထိ မကွေးခရိုင်အတွင်းရှိ ရေနံ ချောင်းမြို့နယ်နှင့် ချောက်မြို့နယ်တို့တွင် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး များသို့တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးက ပါတီလုပ်ငန်းစဉ် များ၊ စည်းရုံးရေးဆိုင်ရာများ၊ ပါတီဖွဲ့စည်း မှုဆိုင်ရာများ၊ ရှေ့ဆက်ဆောင်ရွက်ရန်ရှိ သည်များရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ် ပါတီဥက္ကဋ္ဌများက မြို့နယ်ပါတီ၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ ဖွဲ့စည်းမှု ဆိုင်ရာများတင်ပြကြသည်။ တက်ရောက် လာသူများက မိမိတို့နယ်မြေအလိုက် လုပ် ငန်းဆောင်ရွက်မှုများ၊ နယ်မြေအခြေအနေ များ၊ အကြံပြုချက်များတင်ပြဆွေးနွေးကြ ပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ မကွေး ခရိုင်ပါတီဘဏ္ဍာရေးမှူး ဦးတင်မြင့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးနေရှင်း၊ ရေနံ ချောင်းမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဥက္ကဋ္ဌများ၊ ချောက်မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းနိုင်ဦးနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ကြောင်း သိရသည်။

မင်းဇော်(မကွေး)