လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်ကတ်များပေးအပ်

 

လားရှိုး ဒီဇင်ဘာ ၁၉

လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်ကတ်များ ပေးအပ်ပွဲအခမ်းအနားကို ဟိုပိတ်ကျေးရွာ ရပ်/ကျေးပါတီကော်မတီဝင်နေအိမ်၌ ယနေ့ကျင်းပခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဒေါက်တာလဆိုင်းက ဂုဏ်ပြုစကား ပြောကြားပြီး လားရှိုးမြို့နယ် ပါတီဥက္ကဋ္ဌဦးအုန်းငွေက မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဟိုပိတ်ကျေးရွာအတွက် ပါတီဝင်အသိအမှတ်ပြုကတ်ပြား၂ဝဝကို ဥက္ကဋ္ဌဦးအုန်းငွေကပေးအပ်ရာ ကျေးရွာလူထု ကိုယ်စား ကျေးရွာပါတီကော်မတီဝင် ဦးရန်စီးနိမ်ကလက်ခံရယူခဲ့ကာ ပါတီဝင်ကြေး များပေးအပ်ခဲ့ပြီး အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

မချို