အစၥလာမ္ဘာသာကို စော်ကားမှုဖြင့် သေဒဏ်ပေးခံရသည့် ခရစ်ယာန်အမျိုးသမီး လွတ်ငြိမ်းခွင့်ရ

ပါကစ္စတန်နိုင်ငံ တရားရုံးချုပ်က အစ္စလာမ်ဘာသာအပေါ် စော်ကားမှုနဲ့ တရားစွခံရတဲ့ ခရစ်ယာန် အမျိုးသမီး တယောက်ကို အောက်တိုဘာ ၃၁ ရက်နေ့က သေဒဏ်ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ပါတယ်။

အဲဒါကြောင့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဆန္ဒပြခဲ့သလို အစွန်းရောက် ဘာသာရေး ပါတီက သတ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

လူ့အခွင့်အရေး အားပေးမြှင့်တင် သူတွေကတော့ ကောင်းချီးပေးခဲ့တာပါ။ ကလေး လေးယောက် မိခင် အေးရှာဘီဘီဟာ ၂၀၁၀ ခုနှစ်တည်းက သေဒဏ်ကျခံပြီး ထိန်းသိမ်း ခံနေရတာပါ။

သူဟာ ပါကစ္စတန်နိုင်ငံရဲ့ မြင့်မြတ်တဲ့အရာတွေအပေါ် စော်ကားမှုဆိုင်ရာ ဥပဒေနဲ့ ပထမဆုံး ကြိုးမိန့်ပေးခံရတဲ့ အမျိုးသမီး ဖြစ်လာပါတယ်။ ဝေဖန်သူတွေကတော့ ဒီဥပဒေဟာ ပြင်းထန်လွန်းပြီး အလွဲသုံးစား လုပ်ခံနေရတယ် လို့ ပြောပါတယ်။

သူဟာ မွတ်ဆလင်မဟုတ်လို့ သူတို့ ဖန်ခွက်ထဲက ရေကိုယူမသောက်ဖို့ အိမ်နီးချင်းတွေက ငြင်းရာက ဘီဘီရဲ့မှတ်ချက်ကြောင့် ခုလို တရားစီရင် ခံရတာပါ။

ဘီဘီကတော့ ဘာသာရေးကို မစော်ကားဘူးလို့ တချိန်လုံးပြောဆိုခဲ့ပါတယ်။ အစ္စလာမ်မစ် နိုင်ငံရေးပါတီ TLP ကို ထောက်ခံသူတွေက တရားရုံး ဆုံးဖြတ်ချက်ကို ချက်ချင်း ပြစ်တင်ရှုတ်ချပြီး နိုင်ငံတွင်း မြို့ကြီးတွေက လမ်းတွေကိုပိတ်ဆို့ ခဲ့ပါတယ်။

လာဟိုးမြို့က ရဲတွေကိုလည်း ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ လမ်းပေါ် ဆန္ဒပြပွဲ တွေကြောင့် အစ္စလာမ်မာဘတ်၊ လာဟိုးနဲ့ တခြားမြို့တွေမှာ မွန်းလွဲပိုင်းက လမ်းတွေ ပိတ်နေပါတယ်။

Source: DVB