ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည် အုန်းဒန်းအလည်ကျေးရွာတွင်မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

မိုးကုတ် အောက်တိုဘာ ၁၇

မန္တလေးတိုင်းဒေသကြီး ပြင် ဦးလွင်ခရိုင် မိုးကုတ်မြို့နယ် အုန်း ဒန်းအလည်ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက ရှမ်းတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်ကြည်သည် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင်အတွက် ရှမ်းတိုင်းရင်းသား မဲဆန္ဒရှင်များ နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ များ ဟောပြောခဲ့သည်။

ရှမ်းတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်လောင်းဦးစိုင်းအောင် ကြည်သည်မဲဆန္ဒရှင်ရှမ်းတိုင်းရင်း သားများအားမဲပေးရာတွင်မဲပေးမမှား စေရန်အတွက်မဲပေးပုံပေးနည်းစနစ် များကို ရှင်းလင်းပြောကြားခြင်း၊ ရှမ်းတိုင်းရင်းသားများအကျိုးသယ် ပိုးထမ်းရွက်သွားမည့်ကိစ္စများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း အစရှိသည်တို့ကိုဆောင်ရွက်ခဲ့သည်။

ထိုသို့ ဟောပြောရှင်းလင်းရာ သို့ ရှမ်းတိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်လောင်းဦးစိုင်းအောင် ကြည်နှင့်အတူ မိုးကုတ်မြို့နယ် ပါတီ ဥက္ကဋ္ဌဦးဘဌေး၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် ပါတီ ဝင်များ လိုက်ပါကူညီဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

သုတ(မန္တလေး)