၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး တက်​​ရောက်​အား​ပေး

အောက်တိုဘာ (၄)၊ မင်းဘူး

မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ မင်းဘူးမြို့နယ်​၊ စကုမြို့ရှိ ​ဇာတ်​ရုံခန်းမတွင်​ ၂၀၁၈ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​ ​အောင်​နိုင်​​ရေး မင်းဘူးမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီ၏ မဲဆန္ဒရှင်​ပြည်​သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက်​ (၈) နာရီ ၃၀ မိနစ်​က ကျင်းပခဲ့ရာ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​​ဌေး တက်ရောက်​အား​ပေးချီးမြှင့်ခဲ့သည်​။

အခမ်းအနားအား နိုင်​ငံ​တော်​အလံအားအ​လေးပြု၍ နိုင်​ငံတော်​သီချင်း သံပြိုင်​သီဆိုဖွင့်လှစ်​ပြီး​နောက်​ ပြည်​ခိုင်​ဖြိုး ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးက နှုတ်​ခွန်းဆက်​အမှာစကား​ပြောကြားခဲ့သည်​။

ထို့​နောက်​ မင်းဘူးမြို့နယ်​ မဲဆန္ဒနယ်​အမှတ် ​(၂) တိုင်း​ဒေသကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်း (က)​ မောင်​ပိုက်​မှ မဲဆန္ဒရှင်​ပြည်​သူများအား မိတ်​ဆက်​စကား ​ပြောကြားခဲ့ကာ အခမ်းအနားကို ​ကြွေး​ကြော်​သံများဖင့် ရုပ်​သိမ်းခဲ့သည်​။

အခမ်းအနားသို့ ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး၊ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး၊ ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​၊ ဦး​သောင်း​အေး၊ ဦးလှသိန်း၊ ဦးတင်​​အောင်​ချစ်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ​​ ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ ဗဟို​ကော်​မတီဝင်​ ဒေါက်​တာနန္ဒာလှမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ မင်းဘူးမြို့နယ်​ မဲဆန္ဒနယ်​ အမှတ် ​(၂) တိုင်း​ဒေသ ကြီး လွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးစိန်​​ရွှေမင်း (က) ​မောင်​ပိုက်​၊ ခရိုင်​နှင့်မြို့နယ်​များမှ ပါတီ​တာဝန်​ရှိသူများ၊ ပါတီဝင်​များ၊ မဲဆန္ဒရှင်​ပြည်​သူများအပါအဝင်​ စုစု​ပေါင်းအင်​အား (၂၀၀၀) ဦးခန့်​ တက်​​ရောက်​ခဲ့​ကြောင်း သိရသည်​။