ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦး မီဒီယာများနှင့်တွေ့ဆုံရှင်းလင်း

 

ရန်ကုန် စက်တင်ဘာ ၁၉

ကြားဖြတ်ရွေးကောက်ပွဲတွင်ရန်ကုန်တိုင်းဒေသ ကြီးမှဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းနှစ်ဦးသည် မီဒီယာများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင်တွေ့ဆုံရှင်းလင်းခဲ့သည်။

လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဝင်ရောက်ရွေးချယ်ခံမည့်တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒ နယ်မှဦးမျိုးဝင်းကျော်နှင့် ဆိပ်ကမ်းမြို့နယ် အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်မဲ ဆန္ဒနယ်မှဝင်ရောက် အရွေးချယ်ခံမည့် ဦးနေမျိုးအောင်တို့က သတင်းမီဒီယာများ နှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ကိုယ်စားလှယ်လောင်း ဆိုတာပြည်သူအပေါ်မှာ အလုပ်အကျွေးပြု မယ်၊ နောက်တစ်ခါ ပြည်သူတွေရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးမယ်၊ နောက် တစ်ခါ ဒီမဲဆန္ဒနယ်ကို ပုခုံးထမ်းတင်ရ မယ်၊ ပြောရမယ်ဆိုရင် ပြည်သူ့ရဲ့အခိုင်းခံ၊ နောက်တစ်နည်းပြောမယ်ဆိုရင် တကယ် တော့ ကျွန်တော်တို့က ပြည်သူရဲ့ကျွန်ပါ ခင်ဗျ။ အဲ့ဒါကြောင့်မို့ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ ပြည်သူနဲ့ထိတွေ့နိုင်မယ့်နည်း လမ်းမျိုးစုံ၊ ကျွန်တော်တို့ ပြည်သူနဲ့ တစ် သားတည်းဖြစ်အောင်ကြိုးစားတည်ဆောက် နေတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အခုလက်ရှိ မဲဆွယ်စည်းရုံးရေးကာလမှာ ကျွန်တော်ရဲ့လက်ကမ်းစာစောင်တွေကို အိမ်တိုင်ရာရောက်လိုက်လံဝေငှရင်း ကိုယ် စားလှယ်လောင်းကျွန်တော်ကိုယ်တိုင် မိဘ ပြည်သူတွေကို လိုက်လံဂါရဝပြုနှုတ်ဆက် နေပါတယ်။ နောက်တစ်ခါ ကျွန်တော်ရဲ့ လက်ကမ်းစာစောင်မှာလည်း စဉ်းစားချိန် တန်ပြီဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့ မဲဆွယ်စည်းရုံးနေပါတယ်” ဟု တာမွေ မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဦးမျိုးဝင်းကျော်က ပြောသည်။

အလားတူဆိပ်ကမ်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မှ ဝင် ရောက်အရွေးချယ်ခံမည့် ဦးနေမျိုးအောင် က ”ကျွန်တော်တို့ကလွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် မျှော် လင့်ပြီး ယုံကြည်မိလို့ ကျွန်တော်တို့ဝင် တာ။ ဒါပေမဲ့ နောက်ကွယ်ကနေပြီး လုပ် ပိုင်ခွင့်ရှိတဲ့သူတွေကအခုအချိန်ကတည်း က နည်းမျိုးစုံနဲ့ ပါဝင်ကူညီပတ်သက်ဖို့ အတွက် ပြင်ဆင်နေကြပြီ။ အားလုံးပဲ သိ ပြီးဖြစ်ပါလိမ့်မယ်။ ယခုလ ၁ရက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ် တိုင် သူ့ရန်ကုန်တိုင်းဒေသကြီးရွေး ကောက်ပွဲအောင်နိုင်ရေးအတွက် သူကိုယ် တိုင်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောခဲ့ကြတယ်။ အဲဒီပြောတဲ့အထဲမှာ လည်း ရှင်းရှင်းလင်းလင်းကြီးကိုပြောထား ပြီးပါပြီ။ ဒါအပြင် ၂ဝ၁၅ရွေးကောက်ပွဲ နိုင်ကတည်းကနေပြီးတော့ အခု ၂ဝ၁၈ ရွေးကောက်ပွဲမတိုင်ခင်အချိန်ထိ ကျွန် တော်တို့မြို့နယ်သေးသေးလေးကို ဘယ်လူ ကြီးမှ စိတ်မဝင်စားကြဘူး။ ဒါပေမဲ့ ရွေး ကောက်ပွဲဆိပ်ကမ်းမြို့နယ်မှာ လုပ်တော့ မယ်ဆိုတဲ့အချိန်ကျမှ ဝန်ကြီးချုပ်ကိုယ် တိုင် လမ်းကြောင်းတွေနဲ့ဆင်းလာတယ်။ ပြည်သူတွေ ဘာလိုလဲ လာမေးတယ်။ ပြီး ရင်ဂါလန် ၂ဝဝဝဝ ဆံ့ရေစင်ကြီးဆောက် ပေးမယ်လို့ ကတိပေးသွားတယ်။ဒါ့ အပြင် ရှစ်လပိုင်းလဦးဆန်းမှာ မိုးတွေအဆက် မပြတ်ရွာနေတဲ့ကြားထဲက မိုးရာသီကြီးမှာ ဝန်ထမ်းတန်းလျားတွေကို ဆေးတွေလာ သုတ်ပေးတယ်။ ဘယ်လုပ်ငန်းရှင် ဘယ် အဆောက်အအုံမှ မိုးတွင်းကြီးမှာ ဆေး မသုတ်ပါဘူး။ အခုမှ ဝန်ကြီးချုပ်ရောက် လာပြီး ဆေးတွေသုတ်ပေးနေတယ်။ အဲ့ဒါ ဘာလဲဆိုတော့ ပြည်သူ့ဘဏ္ဍာတွေနဲ့ တစ် ဖက်တစ်လမ်းကနေပြီးတော့ သွယ်ဝိုက်တဲ့ နည်းနဲ့လာပြီးတော့ မဲဆွယ်စည်းရုံးနေတာ။ ဒါပေမဲ့ ကျွန်တော့်နယ်မြေထဲမှာရှိတဲ့ ပြည် သူတွေကတော့ ပြုံးကြပါတယ်။ဒါပေမဲ့ ဘာအပြုံးလဲဆိုရင်တော့ မဲ့ပြုံးပါပဲခင်ဗျာ” ဟု ပြောသည်။

ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက် လာသည့် သတင်းမီဒီယာများက ကြား ဖြတ်ရွေးကောက် ပွဲနှင့်ပတ်သက်သည်များ ကို မေးမြန်းခဲ့ပြီး ကိုယ်စားလှယ်လောင်း နှစ်ဦးကလည်း ပြန်လည်ရှင်းလင်းဖြေ ကြားခဲ့သည်။

ယူဒီနေ၊ သုခ