တောင်အာဖရိကမှာ ဆေးခြောက်ကို တစ်ကိုယ်ရည်သုံးစွဲခြင်းနဲ့ စိုက်ပျိုးခြင်းတို့ကို ရာဇ၀တ်မှုမှ ပယ်ဖျက်

ကိတ်တောင်း၊ စက်တင်ဘာ ၁၉

တောင်အာရိကနိုင်ငံရဲ့ ဖွဲ့စည်းပုံဥပဒေခုံရုံးဟာ ဆေးခြောက်လက်ဝယ်ရှိခြင်း၊ သောက်ရှုခြင်းနဲ့ တစ်သီးပုဂ္ဂလ စိုက်ပျိုးခြင်းတွေကို နိုင်ငံမှာ တားမြစ်ထားတာဟာ ဖွဲ့စည်းပုံနဲ့ မညီညွတ်ဘူးလို့ စက်တင်ဘာ ၁၈ ရက်က စီရင်ထုံး ချမှတ်လိုက်ပါတယ်။

ခုလို ခုံရုံးက ဆုံးဖြတ်ချက် ချမှတ်လိုက်တာကြောင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးခြောက် သုံးစွဲခြင်းဟာ ရာဇ၀တ်မှု မမြောက်တော့ပါဘူး။

ခုံရုံးရဲ့ အခုဆုံးဖြတ်ချက်ဟာ တောင်အာဖရိကနိုင်ငံအတွင်း ဆေးခြောက်သုံးစွဲသူတွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာကို ဖြေလျှော့ပေးလာတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံခုံရုံးက ခုလို ခုလို စီရင်ချက်ချလာတာဟာလည်း ပြီးခဲ့တဲ့နှစ်က Western Cape အထူးခုံရုံးရဲ့ သမိုင်းဝင် စီရင်ချက်တစ်ရပ်ကနေ  အစပျိုးပေးလိုက်တာဖြစ်ပါတယ်။

Western Cape အထူးခုံရုံးဟာ ဆေးခြောက် သုံးစွဲခြင်းနဲ့ ကိုယ်အိမ်ယာခြံမြေမှာ တစ်ကိုယ်ရည် စိုက်ပျိုးခြင်းတို့ကို တားမြစ်ထားတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ အတွင်းရေးကို ချိုးဖောက်ရာရောက်ကြောင်း ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံခုံရုံးက ဆက်လက်အတည်ပြုပြီး ဆေးခြောက်နဲ့ ပတ်သက်လို့ ဖြေလျှော့ပေးမှုတွေ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

Mizzima