ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များ အနောက်ပိုင်းခရိုင်လှိုင်မြို့နယ်တွင် သင်ထောက်ကူပစ္စည်းများလှူဒါန်း

 

ရန်ကုန် စက်တင်ဘာ ၃

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် လှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် ရန်ကုန်တိုင်း ဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း၊အရန်ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးစံကျော်တို့က လှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ၏ သား သမီးများကို ဗလာစာအုပ် ၂၅၆ ဒါဇင်၊ခဲတံ၃၂၈ချောင်းဘောလ်ပင် အချောင်း ၆၃ဝတို့ကို လာရောက် လှူဒါန်းသည်။

အဆိုပါသင်ထောက်ကူပစ္စည်း လှူဒါန်းပွဲသို့ ပါတီဗဟိုကော်မတီ ဝင်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမင်းလွင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌများ၊ ပါတီဝင် များ၏သားသမီးများ၊ကျောင်းသား ကျောင်းသူများနှင့်မိဘများ တက် ရောက်ကြသည်။

အစီအစဉ်အရ ပါတီဗဟို ကော်မတီဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင် ဝင်းက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများကို သင်ထောက် ကူပစ္စည်းများပေးအပ်သည်။
ကျောင်းသား ကျောင်းသူများ ၏ ကိုယ်စားကျောင်းသူတစ်ဦးက လက်ခံယူပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမင်းလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

ဗိုလ်အုန်း(လှိုင်)