မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဆင်း

 

မြိတ် စက်တင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သည့်နိုင်ငံရေးစီမံခန့် ခွဲမှု(ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) ဆင်းပွဲကို ယမန်နေ့ မွန်းလွဲ၃နာရီခွဲက မြိတ်မြို့ပြည်ခိုင် ဖြိုးပါတီရုံးသင်တန်းခန်းမ၌ကျင်းပ ခဲ့သည်။

အခမ်းအနားကို မြိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းဆွေ၊ မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ ဗဟိုကော်မတီဝင်ဦးတင်စိုး၊ ခရိုင် ဘဏ္ဍာရေးမှူး ဦးအောင်၊ မြိတ် မြို့နယ်ပါတီအတွင်းရေးမှူး ဦးကို ကိုကြီးနှင့် မြိတ်ခရိုင် မြိတ်မြို့နယ် တို့မှပါတီကော်မတီဝင်များ၊ ရပ်/ ကျေးစည်းရုံးရေးမှူးများနှင့် ပါတီ ဝင်များတက်ရောက်ကြပြီး ခရိုင် ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေနှင့် မြိတ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်တို့က သင်တန်းဆင်းအမှာစကားပြောကြား ခဲ့သည်။

ထို့နောက် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈)ကိုပြီးမြောက်အောင်မြင် စွာ တက်ရောက်ကြသည့်သင်တန်း သားသင်တန်းသူများကို ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြိတ်ခရိုင်နှင့်မြိတ်မြို့နယ် ပါတီဥက္ကဋ္ဌများ အပါဝင်ခရိုင် ဘဏ္ဍာရေးမှူးဦးအေးအောင်၊ ဗဟိုကော်မတီဝင် ဦးတင်စိုး၊ မြို့ နယ်အတွင်းရေးမှူး ဦးကိုကိုကြီး တို့ကသင်တန်းသားတစ်ဦးချင်းစီ တို့ကို သင်တန်းဆင်းလက်မှတ် များ ပေးအပ်ကာ အခမ်းအနားကို ညနေ၄နာရီတွင်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကျော်လင်း(မြိတ်)