အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်

အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ဦးနှောက်ကင်ဆာရောဂါဖြင့် အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ်ရှိ ¤င်းနေအိမ်၌ ကွယ်လွန် သွားခဲ့ကြောင်း ယနေ့သတင်းများအရ သိရသည်။

အသက် ၈၁ နှစ်အရွယ်ရှိ အမေရိကန်လွှတ်တော်အမတ် ဂျွန်မက်ကိန်း သည် ဗီယက်နမ်စစ်ပွဲအတွင်း၌ ငါးနှစ်ခွဲခန့် ဗီယက်နမ်နိုင်ငံတွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ထို့နောက် ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ၁၉၈၁ ခုနှစ်တွင် အမေရိကန်ရေတပ်မှ ဗိုလ်ကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့၍ အာရီဇိုးနား ပြည်နယ်သို့ ပြောင်းရွှေ့ကာ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ လွှတ်တော်အမတ်အဖြစ် သက်တမ်းခြောက်ကြိမ်ခန့် ထမ်းရွက်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင် သူသည် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု အမတ်လောင်းအဖြစ် သမ္မတရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒီမိုကရက်တစ် အမတ်လောင်း ဘာရက်အိုဘားမားကို ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။သမ္မတဒေါ်နယ်ထရန့်၏မူဝါဒလမ်းစဉ်များအပါအဝင် မီဒီယာအသိုင်းအဝိုင်း၏ တိုက်ခိုက်ပြောကြားမှုများအပေါ် ဂျွန်မက်ကိန်းက ဝေဖန်ခဲ့သည်။

သမ္မတ ဒေါ်နယ်ထရန့်က ဂျွန်မက်ကိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး သူ၏ တွစ်တာ စာမျက်နှာ၌ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲပါကြောင်း ရေးသားဖော်ပြခဲ့သည်။

-Ref; NHK