လူငယ်ညီလာခံအတွေ့အကြုံရှင်းလင်းပွဲ သင်္ဃန်းကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီသည် နေပြည်တော်တွင် မကြာမီက ကျင်းပပြီးစီးခဲ့သော လူငယ်ညီလာခံ အတွေ့အကြုံရှင်း လင်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီ က မြို့နယ်ပြည်ခိုင်ဖြိုးပါတီအစည်း အဝေး ခန်းမတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက် ရောက်လာသူများက နိုင်ငံတော် သီချင်းသီဆို၍ အခမ်းအနားစတင် ဖွင့်လှစ်ပြီး မြို့နယ်ပါတီကော်မတီ ဝင်အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မြင့်မြင့်မော်က ယနေ့ဖြစ်ပေါ် နေသောမြန်မာ့နိုင်ငံရေးအခြေအနေ မှန်များအား ရှင်းလင်းဆွေးနွေး ပြော ကြားသည်။

ဆက်လက်၍ မြို့နယ်ပါတီ ကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဒေါ်မြင့်မြင့်ဌေးက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးမိန့်ခွန်းအား ထပ်ဆင့် ရှင်းလင်းပြောကြားပြီးနေပြည်တော် လူငယ်ညီလာခံ အတွေ့အကြုံများ ကို ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များဖြစ် ကြသော ဘဏ္ဍာရေးမှူး ဦးမြငြိမ်း၊ ဦးဝင်းမြင့်၊ဦးထွန်းမြင့်လှိုင်၊ဒေါ်မြင့် မြင့်မော်၊ဒေါ်မြင့်မြင့်ဌေး၊ ဒေါ်သင်း သင်းရီ၊ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ မျိုးဆက်သစ်လူငယ် များ၊ ပါတီဝင်များ စုစုပေါင်းအင် အား ၅ဝ ခန့် တက်ရောက်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီခွဲတွင် အခမ်းအနား ပြီးမြောက် ခဲ့ကြောင်းသိရသည်။

ကြည်သိန်း(သင်္ဃန်းကျွန်း)