တရုတ်တွင် မုန်တိုင်းကြောင့် ရေကြီး၊ လူ ၃ဝဝဝ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးနဲ့ ဖုကျန်းပြည်နယ်ကဒေသတွေမှာ ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေက  မုန်တိုင်း ဝင်ရောက်ခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီအတွက် လူ ၃ဝဝဝ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးခဲ့ရပြီး ဒေသတွင်း ယာဉ် အသွားအလာတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပါတယ်။

ကျန်းရှီးပြည်နယ် ဖန်းချန်မြို့မှာ ခါးအထိ ရေနစ်မြုပ်ခဲ့တာကြောင့် ကယ်ဆယ်ရေး သမားတွေဟာ ရေဘေးသင့် ပြည်သူတွေကို တအိမ်တက်ဆင်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

လာမယ့်ရက်တွေမှာလည်း ဖန်းချန်မြို့မှာ မိုးပိုမိုရွာနိုင်တယ်လို့ ပြည်နယ်မိုးလေဝသ ဌာနက ကြေညာပါတယ်။

ဖုကျန်းပြည်နယ် ရှီးမန်မြို့မှာတော့ တနာရီအတွင်းမှာ မိုးရေချိန် ၅ဝ မီလီမီတာ ကျော်ရွာသွန်းခဲ့ပြီး လမ်းအတော်များများ သွားလာလို့မရအောင် ရေနစ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

DVB