ဇွန် ၂၂ရက်မှစတင်ကာ အမေရိကန်အပေါ် အခွန်တိုးမြှင့်ကောက်ခံမည်ဟု အီးယူပြော

ဘရပ်ဆဲလ် ဇွန် ၂၁

အမေရိကန်နိုင်ငံက သံမဏိနှင့် အလူမီနီယံအပေါ် အခွန်တိုးကောက်လိုက်သည်ကို တုံ့ပြန်သောအားဖြင့် အီးယူက ဇွန် ၂၂ ရက်မှစတင်ကာ အမေရိကန်နိုင်ငံမှ တင်သွင်းသော ယူရိုတန်ဖိုးငွေ ၂ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အခွန်တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း ဥရောပကော်မရှင်က ကြေညာခဲ့သည်။

အီးယူ၏ အခွန်တိုးမြှင့်ကောက်ခံမည့် ကုန်ပစ္စည်းများတွင် အမေရိကန်နိုင်ငံ၏ သံမဏိ၊ အလူမီနီယံထုတ်ကုန် ပစ္စည်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

အီးယူ၏ ယခုလိုလုပ်ဆောင်ချက်က က္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီ ကြောင်း ဥရောပကော်မရှင်က ပြောခဲ့သည်။

အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ် မညီမျှသည့် ဆုံးဖြတ် ချက်များသည် အီးယူကို အခြားရွေးချယ်စရာ မရှိအောင်ဖြစ်စေ သည်ဟု ဥရောပကုန်သွယ်ရေးကော်မရှင်အဖွဲ့ဝင် ဆီဆီလီယာ မန်စထရောင်းက ပြောခဲ့သည်။
အမေရိကန်နိုင်ငံ စီးပွားရေးဝန်ကြီး ဝယ်လ်ဘာရို့စ်က ဇွန် ၁ ရက်မှစကာ အီးယူ၊ ကနေဒါ၊ မက္ကဆီကိုမှ တင်သွင်းသော သံမဏီနှင့် အလူမီနီယံအခွန်ကို ၂၅ ရာခိုင်နှုန်းနှင့် ၁ဝ ရာခိုင်နှုန်းစီ အသီးသီးကောက်ခံသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ၏ သံမဏိ၊ အလူမီနီယံအခွန်စည်းကြပ်မှု သည် ယူရိုငွေ ၆ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ဥရောပပို့ကုန် ပစ္စည်းများကို ထိခိုက်နစ်နာစေကြောင်း အီးယူ၏ တွက်ချက် မှုများအရ သိရသည်။

 

ဆင်ဟွာ