ဒဂုံ(အရှေ့)ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား)သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင် စည်းရုံးရေးနယ်မြေအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အဖွဲ့ ခေါင်းဆောင်များ၊ အမာခံပါတီဝင် များအတွက် ယခုလ ၂၆ရက်မှ ယမန်နေ့အထိသုံးရက်တာ ဖွင့်လှစ် ခဲ့သည့်နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂)သင်တန်း ဆင်းပွဲကိုယမန်နေ့ညနေ၄နာရီခွဲက မြို့နယ်ပါတီရုံးသင်တန်းခန်းမဆောင် ၌ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် နယ်မြေ တာဝန်ခံ ဒေါက်တာကျော်စိုး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးမျိုးဝင်းကျော်၊မြို့မိမြို့ဖဦးအောင် ဆန်းလင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင် များ၊ မြို့နယ်ရပ်ကွက်နှင့် ကျေးရွာ များမှ အဖွဲ့ခေါင်းဆောင်နှင့် ကော် မတီဝင်များ၊ သင်တန်းသား သင်တန်းသူများစုစုပေါင်းအင်အား ၈ဝတက်ရောက်ကြသည်။ အခမ်း အနားအစီအစဉ်အရ တိုင်းပါတီ ကော်မတီဝင်(နယ်မြေတာဝန်ခံ) ဒေါက်တာကျော်စိုးကသင်တန်းဆင်း အမှာစကားပြောကြားပြီး မြို့မိမြို့ဖ ဦးအောင်ဆန်းလင်းက သင်တန်း သားသင်တန်းသူများအား ဂုဏ်ပြု အမှာစကားပြောကြားသည်။

ထို့နောက် ပါတီတာဝန်ရှိသူ များက သင်တန်းသားသင်တန်းသူ များအား သင်တန်းဆင်းလက်မှတ် များချီးမြှင့်ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို ညနေ၅နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံအရှေ့)