လှည်းကူးပြည်ခိုင်ဖြိုး နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွါး)သင်တန်း အမှတ်စဉ်(၂)ဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးတိုက်နယ် ကျေးရွာအုပ်စု အမှတ်(၁)ရှေ့တန်း ရုံးခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းအမှတ်စဉ်(၂) ကို ယနေ့ နံနက် ၈ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ ဗဟိုပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ ခရိုင်အတွင်းရေးမှူး ဦးမျိုးဇော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြတ်စိုး၊ အတွင်းရေးမှူး ဦးကျော်စိုးဝင်းနှင့် မြို့နယ်ကော် မတီဝင်များ၊ သင်တန်းသား ၃ဝ တို့တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကားကို ဗဟိုကော်မတီဝင် ဦးတင်မောင်ဝင်းက ပြောကြားပြီး သင်ခန်းစာများ ဆက်လက်ပို့ချခဲ့ ကြောင်း သိရသည်။

ကျော်စိုးဝင်း(လှည်းကူး)