ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ရွှေဘိုခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ ဦးသန်းလှ၏နေအိမ်တွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပသော ရွှေဘိုမြို့ နယ် ပါတီကော်မတီဝင်များ ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သိန်း တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ ရွှေဘိုမြို့နယ်ပါတီကော်မတီဝင်များ၊ ဘုတ်ကုန်း ကျေးရွာမှ ပါတီဝင်များ စုစုပေါင်းအင်အား ၃ဝဝ ကျော် တက်ရောက်ကြသည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ဒေသခံပါတီဝင် ဦးစိန်မောင်က ရပ်/ကျေးပါတီဝင်များကိုယ်စား ကျေးရွာ အခြေအနေများကို တင်ပြဆွေးနွေးပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးက လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပါတီစည်းရုံးရေးလုပ်ငန်းများ ဦးစားပေးဆောင်ရွက်နိုင်ရေး ဆွေးနွေးပြောကြားကြောင်းသိရသည်။