ဗြန့်ကြီးကျေးရွာမှ ဆန္ဒမဲပေးခွင့်ရှိသူ ၂၃ဝ ဦးရှိသည့်အနက် ၂ဝဝ ဦး ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်

ကျုံပျော် နိုဝင်ဘာ ၂၉

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ကွင်းလျှား ကျေးရွာအုပ်စု ဗြန့်ကြီးကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက အိမ်ခြေ ၉၇ လုံးရှိပြီး အသက် (၁၈) နှစ်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၂၃ဝ ဦးရှိသည့် အနက် ၂ဝဝ ဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်ခဲ့သည့်အတွက် ပါတီဝင် အဆိုပြုလွှာပေးအပ်ပွဲ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပုသိမ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်ကျော်၊ ကော်မတီဝင်များဖြစ်ကြသော ဦးနိုင်ဝင်းကျော်၊ ဒေါ်နှင်းရည်၊ ဒေါ်နေဇင်ထိုက်၊ ဒေါ်သဲသဲနိုင်လင်းတို့နှင့်အတူ ကျုံပျော်မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ကြိုင်၊ ဘဏ္ဍာရေးမှူး ဒေါ်မာလာစုလှိုင်၊ မီဒီယာတာဝန်ခံ ဦးသန်းဝင်းနှင့် တိုက်နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့သည်။ ယင်းနောက် ပုသိမ်ခရိုင်ဥက္ကဋ္ဌ ဦးကျော်ကျော်က အဖွင့်အမှာစကားပြောပြီး ဒေါ်နှင်းရည် က ပါတီဝင်ပြည်သူလူထုအား ဝမ်းမြောက်စကားပြောကြားခဲ့ကာ ကျုံပျော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြင့်ကြိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပါတီဝင်ပြည်သူတို့အား ပါတီရင်ထိုးတံဆိပ်များ ကိုယ်တိုင်တပ်ဆင်ပေးခဲ့ကြကာ အခမ်းအနားကို ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။