ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းရှိ ငှက်ပျော ကျင်း၊ ကောင်းဘို့၊ ပလောင်ကျေးရွာများမှ လေ့လာရေးအဖွဲ့များအား တွေ့ဆုံကြိုဆိုနှုတ်ဆက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းသည် နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသော ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာ၊ ငှက်ပျောကျင်း ကျေးရွာ၊ ပလောင်ကျေးရွာများမှ ပါတီဝင်များအား နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ပါတီဌာနချုပ်မှ အမှတ်တရ လက်ဆောင်များပေးအပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင် ဝင်း၊ ပါတီဗဟိုအတွင်းရေးမျိုး ဦးကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ်တာဝန်ခံ ဦးအောင် ထွန်းတို့မှ ပေးအပ်ရာ ဒေသခံ လေ့လာရေးအဖွဲ့ဝင်များကိုယ်စား ဒေသခံတိုင်းရင်းသားများမှ လက်ခံရယူခဲ့ သည်။

၎င်းလေ့လာအဖွဲ့သည် နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အထိ နေပြည်တော်ရှိ ပါတီဌာနချုပ် အပါအဝင် နေပြည်တော်၏ဖွံ့ဖြိုးတိုးတက်မှုများအား လှည့်လည်လေ့လာ ကြည့်ရှုမည်ဖြစ်ပြီး နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများအား ဖူးမျှော်ကြည်ညိုကြမည်ဖြစ်ကြောင်း သိရသည်။ ယခုနေပြည်တော်သို့ လာရောက် လေ့လာကြသည့် လေ့လာရေးအဖွဲ့ဝင်စုစုပေါင်း ၁၆၂ ဦးဖြစ်ကြောင်းသိရသည်။

#ပြည်သူ့ဆက်ဆံရေး