မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ)အကြိမ် ပါတီနှစ်စဉ် ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကျင်းပပြုလုပ်

(၂၇.၁၀.၂၀၁၇) ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ (အဌမ) အကြိမ် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ခြင်းနှင့်​ တိုင်း​ဒေသ ကြီး/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်း ညှိနှိုင်းအစည်းအ​ဝေး (၉/၂၀၁၇) ကျင်းပပြုလုပ်ရာ တိုင်ဒေသကြီး ပါတီဥက္ကဌ ဦးဝင်းမောင်၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်ကျော်​မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ၊ မြို့နယ်ပါတီဥက္ကဌများ၊ ဘဏ္ဍာရေးမှူးများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီးပါတီဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် ပါတီဝင်ပေါင်း (၇၃၀၄) ဦးအတွက် ပါတီနှစ်စဉ်ကြေး (၃၆၅၂၀၀၀ိ/-) အား ခရိုင်ဘဏ္ဍာရေးမှူးများမှ တိုင်းဒေသကြီးဘဏ္ဍာရေး မှူးထံသို့ ပေးအပ်ခဲ့ကြပါသည်​။

မန္တ​လေးတိုင်း​ဒေသကြီးအတွင်းရှိမြို့နယ်​ပါတီများအ​နေဖြင့်​ ယခုအဌမ အကြိမ်​အထိ ပါတီဝင်​​ပေါင်း (၉၄၂၁၈) ဦးအတွက်​ ပါတီဝင်​နှစ်​စဉ်​​ကြေး (၄၇၁၀၉၀၀၀/-) အား​ ပေးသွင်းပြီးဖြစ်​​ကြောင်း သိရှိရပါသည်​။ ထို့​နောက်​ တိုင်း/ခရိုင်​/မြို့နယ်​ပါတီများ လုပ်​ငန်းညှိနှိုင်းအစည်းအ​ဝေး ဆက်​လက်​ကျင်းပပြုလုပ်​ခဲ့​ကြောင်း သိရှိရပါသည်​။

Crd;