ဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော် မတီ သူရဦးအေးမြင့်သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်စစ်ကိုင်းတိုင်းဒေသကြီး ပါတီအဆင့်ဆင့်နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို မှာကြားညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနား သို့ ဗဟိုအလုပ်အမှုဆောင်များဖြစ် ကြသည် ဦးအောင်တင်မြင့်(တောင် သူလယ်သမားရေးရာ)၊ ဒေါက်တာ မြင့်သိန်း(တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်အောင်(အရွေး ချယ်ခံကိုယ်စားလှယ်)၊ ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်း စိစစ် ရေး)၊ ဦးအောင်ဇော်ဦး(တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူး)၊ ဒေါ်သိင်္ဂီ ဝင်းရွှေ (တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး)၊ ဒေါ်ညွန့်ညွန့်ဌေး (မီဒီယာ)၊ ဦးမြင့်တင်၊ တိုင်းဒေသ ကြီးပါတီကော်မတီဝင်များဖြစ်ကြ သည့် ဒေါ်ယဉ်မာဝင်း(တိုင်းဒေသ ကြီးပါတီစာရင်းစစ်)၊ ဦးသန်းဝင်း ထွန်းတို့နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးပါတီကော်မတီ အဆင့်ဆင့်တို့ မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပါတီဗဟိုဦးဆောင် ကော်မတီဝင်က ပါတီစည်းရုံးရေး လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ အား တင်ပြရန်လမ်းညွှန်ခဲ့ပြီး တိုင်း ဒေသကြီးပါတီအသီးသီး၏ တင်ပြ ချက်များအပေါ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့သည်။

အေးဇေယျာ