နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း [၁/၂၀၁၇] ဖွင့်ပွဲအခမ်းအနား

ရန်ကုန် အောက်တိုဘာ ၂၄
 
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန် အရှေ့ပိုင်းခရိုင်မှ ကြီးမှူးကျင်းပသော နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက် ၈ နာရီ ၃၀ မိနစ်က ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး၌ ကျင်းပခဲ့ပါသည်။
 
အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်၍ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းအတွင်းရေးမှူး ဦးသာဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
 
အလှူရှင်များက အလှူငွေပေးအပ်ခြင်းကို အရှေ့ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်မှ အလှူငွေများ လက်ခံခဲ့ပါသည်။ အခမ်းအနားသို့ တ်ုင်းဒေသ ကြီး ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ကော်မတီဝင်များ မြို့ နယ် ပါတီ ဥက္ကဋ္ဌများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်ပါတီကော်မတီဝင် သင်တန်းသား ၄၂ ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားကို နံနက် ၉ နာရီအချိန် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။