ဝန်းသိုမြို့ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီအား ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး ဖူးမြော်ကြည်ညို

 

ဝန်းသို သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယခင်အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်အချိန်က အနီးကပ်ကြီးကြပ်ပြီးတည်ထား ကိုးကွယ်ခဲ့သော ဝန်းသိုမြို့ နန္ဒဝန်ကုန်းတော်ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီတော်သို့ ယနေ့ နံနက်ပိုင်း တွင် တက်ရောက်ကြည်ညိုခဲ့သည်။

ယင်းနောက် စေတီတော်ကြီး၌ လိုအပ်သည်များကို ကြည့်ရှုပြီး ရင်ပြင်တွင် နေပူခံ ကျောက်ပြားများ ခင်းနိုင်ရေး အတွက် လိုအပ်သည်များကို ဝန်းသိုမြို့နယ် ပါတီဥက္ကဋ္ဌ ဦးထိန်မင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်နှင့်အတူ ဝန်းသိုမြို့ပေါ်ရှိ မြို့မိမြို့ဖများနှင့် အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် တိုင်ပင်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ညီညီထွန်း(ဝန်းသို)