ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲကျင်းပ

အောက်တိုဘာ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဧရာဝတီတိုင်းဒေသကြီး ပါတီဝင်လူငယ်ထု တွေ့ဆုံပွဲအား ရေကြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမဆောင်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၉နာရီခွဲ အချိန်တွင်ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး၊ ပါတီဗဟိုအတွင်းရေးမှူးများ ဗဟိုအလုပ်အမှုဆောင်များနှင့် မြို့နယ် ၂၆ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ကိုယ်စားလှယ် ၁၂၀၀ ဦးခန့်တက်ရောက်ခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်မှာစကားပြောကြားသည်။
ထို့နောက် လူငယ်ကိုယ်စားလှယ်ခေါင်းဆောင် ၃ ဦးမှ လူငယ်ရေးရာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ စာတမ်းများတင်သွင်းဖတ်ကြားခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့သည်။

#ပသဆ