ရုရှားကို ဆံပင်စတိုင်အလန်းနဲ့ သွားမယ့် ပေါ့ဂ်ဘာ

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ CSKA မော်စကိုအသင်းနဲ့ ယှဉ်ပြိုင်ဖို့အတွက် ရုရှားကို မသွားရောက်မီ ဆံပင်ပုံစံအသစ်ကို ပြောင်းလဲခဲ့ပါ တယ်။

ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိပေမယ့် အသင်းနဲ့အတူ လိုက်ပါအားပေးဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။  ဓာတ်ပုံထဲမှာ ပေါ့ဘာရဲ့ဆံပင်ပုံစံဟာ ဘယ်ဘက်နားထင်မှာ မိုးကြိုးသွားပုံစံ၊ ညာဘက်နားထင်မှာ မီးတောက် မီးလျှံပုံစံ ပုံဖော်ထားတာတွေ့ရပြီး လူမှုကွန်ရက်မှာ ပေါ့ဂ်ဘာကိုယ်တိုင် တင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ တံကောက်ကြောဒဏ်ရာကြောင့် လအတန်ကြာ အနားယူရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဘေဆယ်အသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

Source & Photos: Dailymail