ဗြိတိန်မှ သင်တန်းဆိုင်းငံ့ခံရသော တပ်မတော်အရာရှိ ငါးဦးကို အမြန်ဆုံးပြန်လည်ခေါ်ယူမည်

ဗြိတိန်နိုင်ငံ၌ သင်တန်းပေးမှု ဆိုင်းငံ့ခံရသော တပ်မတော်အရာရှိငါးဦးကို မြန်မာနိုင်ငံသို့အမြန်ဆုံး ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက စက်တင် ဘာ ၂၀ ရက်တွင် သတင်းထုတ် ပြန်သည်။

ရခိုင်ပြည်နယ်အတွင်းဖြစ် ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ် သက်၍ ဗြိတိန်ပါလီမန်အမတ် များက ဗြိတိန်နိုင်ငံတွင် သင်တန်း တက်ရောက်နေသော မြန်မာ့တပ် မတော် သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်း ဆိုမှုအရ အဆိုပါသင်တန်းသား အရာရှိများကို မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မြန်မာ-ဗြိတိန်နှစ်နိုင်ငံတပ် မတော်နှစ်ရပ်အကြား ဆက်ဆံ ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေး အစီအစဉ် ဖြင့် မြန်မာ့တပ်မတော်မှ သင်တန်းသားအရာ ရှိငါးဦးသည် ဗြိတိန်နိုင်ငံတွင် သင်တန်းများ တက်ရောက်နေ ခြင်းဖြစ်သည်။ အဆိုပါ သင်တန်းသားတပ် မတော်အရာရှိငါးဦးသည် စက်တင်ဘာ ၂၀ ရက်တွင် လန်ဒန် မြို့ရှိ မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ)သို့ ရောက်ရှိနေသည်ဟု ဆက်လက်ဖော်ပြထားသည်။ထို့အပြင် ယခင်က ကမ်းလှမ်း သဘောတူညီထားသည့် သင်တန်းသားများ အပါအ၀င်ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံ စေလွှတ်မည်မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်တွင် အကြမ်း ဖက်မှုများ ရပ်တန့်စေရေး ချက် ချင်း အရေးယူဆောင်ရွက်ရန် တပ်မတော်အား ပန်ကြားလိုပြီး အရပ်သားအားလုံးကို ကာကွယ် စောင့်ရှောက်မှုပေးကာ လူသား ချင်းစာနာမှု အကူအညီပေးနိုင် ရန် ခွင့်ပြုစေလိုသည်ဟု တပ်မတော်အရာရှိ ငါးဦးအား သင်တန်းပို့ချမှုဆိုင်းငံ့ကြောင်း ဗြိတိန်၏ ကြေညာချက်၌ ရေးသားထားသည်ဟု ဘီဘီစီမြန်မာပိုင်း သတင်းဌာနက ဖော်ပြသည်။

တပ်မတော်အရာရှိ ငါးဦးအား သင်တန်းပေးမှုသည် တိုက်ခိုက်ရေးဆိုင်ရာသင်တန်းမဟုတ်ဘဲ ပညာပေး သင်တန်းဖြစ်ကြောင်းနှင့် သင်တန်းပေးမှုအ တွက် တစ်နှစ်လျှင် ပေါင်သုံးသိန်း ကုန်ကျကြောင်း ဘီဘီစီမြန်မာ ပိုင်းတွင် ရေးသားထားသည်။