၅.၉၉ လက်မ ဘောင်ပျောက် display နဲ့ Snapdragon 835 ပါဝင်တဲ့ Mi MIX 2 ကို Xiaomi မိတ်ဆက်

၅.၈၈ လက်မ ဘောင်ပျောက် display နဲ့ 18:9 aspect ratio ပါဝင်တဲ့ Mi MIX 2 စမတ်ဖုန်းကို Xiaomi က မိတ်ဆက်ပေးလိုက် ပါတယ်။ Mi MIX 2 ရဲ့ အောက်ခြေဘက်က bezel ဟာ ယခင်ဗားရှင်း Mi MIX ထက် ၁၂ ရာခိုင်နှုန်း သေးငယ်ပါတယ်။

ယခင်ဗားရှင်း Mi MIX မှာ ၆.၄ လက်မ 17:9 display ကို သုံးထားပေမယ့်လည်း Mi MIX 2 မှာတော့ ၅.၉၉ လက်မ 18:9 FullHD+ (2160x1080p) display ကို အသုံးပြုထားပါတယ်။ Snapdragon 835 chipset နဲ့ရရှိနိုင်ပြီး RAM အနေနဲ့ 6GB နဲ့ 8GB ဆိုပြီး ရရှိနိုင်ပါတယ်။ 6GB မော်ဒယ်ကို 64GB, 128GB နဲ့ 256GB storage option များနဲ့ ရရှိနိုင်ပါတယ်။ 8GB မော်ဒယ်ကိုတော့ Special Edition လို့ခေါ်ဆိုပြီး 128GB storage, ceramic ကိုယ်ထည်နဲ့ ရရှိနိုင်ပါတယ်။

ကျောဘက်မှာ ကင်မရာတစ်ခုတည်း ပါဝင်ပြီး Xiaomi Mi 6 ရဲ့ ပင်မကင်မရာအတိုင်း 12MP Sony IMX386 module နဲ့ 4-axis OIS ကို အသုံးပြုထားပါတယ်။ အရှေ့ဘက်ကင်မရာ 5MP resolution ဖြစ်ပါတယ်။ ဘက်ထရီက 3,400mAh ဖြစ်ပြီး Quick Charge 3.0 အထောက်အပံ့ပါဝင်ပါတယ်။ Operating system ကတော့ Android 7 Nougat အခြေခံ MIUI 9 ဖြစ်ပါတယ်။

Mi MIX 2 ကို အနက်ရောင်နဲ့ရရှိနိုင်ပြီး 8GB RAM Special edition ကိုတော့ အနက်ရောင်၊ အဖြူရောင်တို့နဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးက 6GB/64GB မော်ဒယ်အတွက် ၃,၂၉၉ ယွမ် (ယူရို ၄၂၀)၊ 6GB/128GB အတွက် ၃,၅၉၉ ယွမ် (ယူရို ၄၆၀)၊ 6GB/256GB အတွက် ၃,၉၉၉ ယွမ် (ယူရို ၅၁၀) အသီးသီး ဖြစ်ပါတယ်။ 8GB/128GB Special edition အတွက် ယူရို ၇၀၀ ကျသင့်မယ်လို့ သိရပါတယ်။

  -နောင်နောင်