ဗဟိုအလုပ်အမှုဆောင်(ရှမ်း/အရှေ့)နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ကျိုင်းတုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များတွေ့ဆုံ ==========================

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံသို့ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်(ရှမ်း/ အရှေ့) နယ်မြေတာဝန်ခံဦးစိုးနိုင်နှင့် ရှမ်းအရှေ့ ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊မိုင်းယန်းမြို့နယ်၊ မိုင်းခတ် မြို့နယ်တို့မှ ကော်မတီဝင်များ၊ကျိုင်းတုံမြို့နယ် ရပ်မိရပ်ဖများနှင့် ကျိုင်းတုံပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ယနေ့တွေဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် (ရှမ်း/ အရှေ့) မြို့နယ်ပါတီဥက္ကဋ္ဌများမှ ရေးရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေး ရှင်းလင်းတင်ပြခြင်း၊ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုင်းကျော်လှက အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက်ပါတီဗဟိုကော်မတီဝင် ဦးစိုးနိုင်က ဆွေးနွေးတင်ပြချက်များ အပေါ်သုံးသပ် ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ပါတီဝင်အင်အားများကိုအခြေခံပြီး အခြေခံ အဖွဲ့များအဆင့်ဆင့်ဖွဲ့စည်းရာတွင် လူမှန်နေရာမှန်ရွေးချယ်ပေးရေး၊ပါတီဝင်အင်အား ကျစ်လျစ် ခိုင်မာစေရေး၊ ပါတီတွင်းစည်းလုံးညီညွတ်ရေး၊ပါတီတွင်းဒီမိုကရေစီ ရှင်သန်ထက်မြက် ရေးအတွက် စုပေါင်းတာဝန်ယူကြရေး၊ ပါတီတာဝန် ရှိသူအဆင့်ဆင့်မှ မိမိပါတီဝင် တစ်ဦးချင်းစီအထိ ကွင်းဆင်းထိတွေ့ ဆောင်ရွက်ကြရန်၊ပါတီဝင်များစွမ်းရည်ရှိအောင် အမြဲတမ်း သင်ယူကြိုးစားဆောင်ရွက်ကြရန်၊ ပြည်ခိုင်ဖြိုးပါတီသည် ပြည်သူ့ ပါတီအဖြစ် ပါတီကို သက်ဝင်ယုံ ကြည်ပြီးအမျိုးသားရေးစိတ်ဓာတ်၊ အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးသော စိတ်ဓာတ်၊ပြည်ထောင်စုစိတ်ဓာတ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ပါတီဝင်အားလုံးက လက်တွေ့ပါသော စည်းရုံးရေး များဖြင့် အားသွန်ခွန်စိုက် ထိထိ ရောက်ရောက် ရဲဝံ့စွာ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး တွေ့ဆုံပွဲကို မွန်း လွဲ ၁၂ နာရီခွဲတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

Union daily