မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း ဒေသများသို့ မေလ ၂၅ ရက်နောက်ပိုင်း မုတ်သုံလေဝင်ရောက်နိုင်

အနောက်တောင်မုတ် သုံလေသည် မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့မေ လ ၂၅ ရက် နောက်ပိုင်း ဝင်ရောက်နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။

မေလ ၁၃ ရက်တွင် စတင်ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၈ ရက်၌ မွန်နှင့် တနင်္သာရီ ကမ်းရိုးတန်းသို့ဝင်ရောက် အားပျော့ပျက်ပြယ်ခဲ့သည်။ သို့သော် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ် တွင်  မေလ ၂၄ ရက်မတိုင်မီမုန် တိုင်းတစ်လုံးထပ်မံဖြစ်ပေါ်နိုင်ကြောင်း  ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အားကောင်းခဲ့သော အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ဖြတ်ကျော်နေပြီး လက်ရှိအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မိုးကောင်းနေသည်။ မေလ ၂၅ ရက်မှ ၃၁ရက်အတွင်း မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုး တန်းဒေသများသို့ အနောက် တောင်မုတ်သုံလေ ဝင်ရောက်မည်ဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်း သည်။ လတ်တလောရာသီဥတု အခြေအနေအရ မုတ်သုံလေဝင်ရာ ဒေသများတွင်နေရာကွက်၍ မိုးကြီးမှုနှင့် လေပြင်းအန္တရာယ်ရှိနေကြောင်း ၎င်းက သတိပေးသည်။

မိုးဇလဌာနက မေလ ၂၀ ရက်နောက်ပိုင်းဘင်္ဂလားပင် လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

# 7 Day