ပူပြင်းတဲ့ရာသီမှာ ကိုယ်တွင်းအပူချိန်ကို အစားအစာနဲ့ ဘယ်လိုလျှော့ချမလဲ

ဖျားနာခြင်း၊ တင်းကျပ်လွန်းတဲ့ အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ခြင်းစတဲ့ အကြောင်းရင်း အမျိုးမျိုးကြောင့် ကိုယ်တွင်းအပူချိန် မြင့်တက်စေတဲ့အပြင် ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာ တာနဲ့အမျှ အပူကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကြောင့် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။ ကိုယ်တွင်း အပူချိန်မြင့်လာတဲ့အခါ အစားအစာတွေနဲ့ ပတ်သက်ပြီး ကိုယ်တွင်းအပူချိန် လျှော့ချနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။

ကိုယ်တွင်း အပူချိန်မတက်အောင် ပူစပ်တဲ့ အစားအစာစားခြင်း ရှောင်ပါ။ အဆီများသော အစားအစာနှင့် ဆီကြော် အစားအစာများရှောင်ပါ။ ကဖင်းဓာတ်နှင့် အယ်လ်ကိုဟော ရှောင်ပါ။အုန်းဆီ၊ သံလွင်ဆီ စတဲ့ဆီတွေနဲ့ ချက်ပြုတ်ပါ။

ကိုယ်တွင်းအပူကို လျှော့ချပေးမယ့် အိမ်တွင်း ဆေးဝါးငါးမျိုး

ရေအေး။ ကိုယ်တွင်းအပူချိန် လျှော့ချပေးနိုင်မယ့် နည်းလမ်းတွေထဲက အလွယ်ဆုံးနဲ့ အမြန်ဆုံး ကုစားနိုင်မယ့် နည်းလမ်းကတော့ ရေအေးအသုံးပြုခြင်းဖြစ်ပါတယ်။ ကိုယ်တွင်းအပူချိန် အရမ်း များတဲ့အခါမှာ အရင်ဆုံး လုပ်သင့် တာကတော့ ခြေထောက်ကို ရေစိမ်ပေးခြင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်က အပူတွေထွက်သွားစေပြီး အပူချိန်မြင့်တက် မှုကြောင့် ခံစားရမယ့် ဒုက္ခတွေကနေ ကင်းလွတ်စေမယ့် နည်းလမ်းအလွယ်တစ်ခုပါ။ နောက်တစ်နည်းကတော့ ခန္ဓာကိုယ်က အရမ်းပူနေတယ်လို့ ခံစားရတာနဲ့ အရင်ဆုံး ရေအေးအေးကို ခွက်ကြီးကြီးနဲ့ တစ်ခွက်သောက်ပါ။ ပြီးတာနဲ့ ၁၅ မိနစ်ကိုတစ်ခါ ရေအေးနည်းနည်းစီ သောက်ပါ။ ရေအေးအေး ရေချိုးခြင်းဖြင့်လည်း ခန္ဓာကိုယ် အပူ ချိန်ကို လျှော့ပေးပါတယ်။ သတိထားရမှာက သာမန်အပူချိန်ရှိတဲ့ အခန်းတွင်းမှာရှိနေစဉ်မှာ ရေအေးကို အသုံးပြုရ မှာဖြစ်ပါတယ်။ အရမ်းပူလွန်းတဲ့အချိန် အပြင်အပူချိန်ကနေ ပြန်လာလာချင်းကို ရေခဲရေသောက်ခြင်းရှောင်ရပါမယ်။

အုန်းရည်

အုန်းရည်က အပူကြောင့် နွမ်းနယ်မှုကို ကုစားပေးနိုင်ပါတယ်။ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ဓာတ်တွေကို ပြန်ဖြည့်ပေးဖို့လည်း အုန်းရည်က အကောင်းဆုံးပါ။

သံပုရာသီး

သံပုရာသီးဟာ ခန္ဓာကိုယ် အေးစေဖို့နဲ့ အပူနဲ့ဆက်နွှယ်ပြီး နေမကောင်းဖြစ်မှာတွေကို ကာကွယ်ပေး ပါတယ်။ ဗီတာမင်စီ ကြွယ်ဝတဲ့အတွက် ရေဓာတ် ပြန်ဖြည့်ပေးဖို့နဲ့ ခန္ဓာကိုယ်ကို လန်းဆန်းနေစေဖို့ နွေရာသီ အတွက် သံပုရာသီးက မရှိမဖြစ်ပါ။ သံပုရာသီးကို ပျားရည်၊ ဆားတို့နဲ့ ဖျော်စပ်ပြီး နေ့စဉ်သောက်သင့်ပါတယ်။

ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း ပါဝင်ပါတယ်။ အရည်ရွှမ်းတဲ့ ဖရဲသီးကို စားသုံးခြင်းဖြင့် ကိုယ်တွင်း အပူချိန်ကို ချက်ချင်းလျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးကို ဆား၊ ငရုတ်ကောင်းမှုန့်၊ သံပုရာသီးတို့နဲ့ တွဲဖက် ဖျော်စပ် ရင်လည်း အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားတစ်ခုအဖြစ် ဖန်တီး စားသုံးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

နူးညံ့ပြီး အေးတဲ့ သဘာဝရှိတဲ့ ရှားစောင်း လက်ပတ်ဟာ ခန္ဓာကိုယ် အပူချိန် လျော့ကျစေဖို့ အသုံးများတဲ့အပင်ပါ။ အစားအစာအဖြစ်၊ အလှကုန်အဖြစ် သုံးလေ့ ရှိပါတယ်။ ရှားစောင်းလက်ပတ် အရွက်ကနေ ရှားစောင်းလက်ပတ် အနှစ်ကို ထုတ်ယူပြီး ခန္ဓာကိုယ်အနှံ့ ပွတ်တိုက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ကို အေးလာစေမှာ ဖြစ်ပါတယ်။ ရှားစောင်း လက်ပတ်ကို လူးပြီး မိနစ် ၂၀ လောက်ကြာ တဲ့အခါမှ ရေအေးအေးလေးနဲ့ ချိုးပါ။ ခန္ဓာကိုယ် အပူချိန် မကြာခဏ ပူတတ်ရင် ဒီနည်းလမ်းကို လုပ်သင့်ပါတယ်။ ရှားစောင်း လက်ပတ်ကို အအေးအဖြစ်လည်း ဖျော်စပ် သောက်သုံးနိုင်ပါတယ်။

# The Voice