မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကိုတွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ပါတီကော်မတီဝင် တိုက်ကြီးမြို့နယ်တာဝန်ခံ ဦးခင် မောင်တင့်သည် ဧပြီ ၃ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် တိုက်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို မြို့နယ်ပါတီ ရုံး၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင်တိုက်ကြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီဝင်အင်အားစိစစ်ခြင်းဆိုင်ရာ ပါတီဌာနချုပ်ကတ်ရရှိပြီးသူများနှင့် မိမိတို့ပါတီအပေါ် စိတ်ပါဝင်စား သူများအား ဆက်လက်၍ စည်းရုံး ဆောင်ရွက်သွားနိုင်ရေး၊ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံမှုနှင့် ပတ် သက်၍လည်း မူလသတ်မှတ် ထားသည့်အတိုင်း ဆက်လက် ဆောင်ရွက်သွားနိုင်စေရေး၊ မိမိတို့ မြို့နယ်အတွင်း ကွင်းဆင်းဆောင် ရွက်စဉ် အခက်အခဲတစ်စုံတစ်ရာ တွေ့ကြုံပါကအဆင့်ဆင့်သောပါတီ တာဝန်ရှိသူများထံ တင်ပြအကြံ Óဏ်တောင်းခံနိုင်ကြောင်း၊ရပ်/ကျေး တာဝန်ရှိသူများအနေဖြင့် အထက် ပါအတိုင်းဆောင်ရွက်ရမည့် ပါတီ ၏တာဝန်များကိုသတ်မှတ်ရက် ဖြစ်သည့် ယခုလ ၁၅ရက်မတိုင်မီ ပြီးစီးအောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း အစရှိသည်ဖြင့် အစည်းအဝေး တက်ရောက်လာသူ များအား တိုက်တွန်းလမ်းညွှန်ဆွေး နွေးခဲ့သည်။

ထို့နောက် တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင် မောင်မြင့်နှင့် စည်းရုံးရေးရာတာ ဝန်ခံဦးကျော်မင်းတို့က မြို့နယ် အတွင်း ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ခရိုင်ကော်မတီ ဝင်ထံ ပြန်လည်ဆွေးနွေးတင်ပြ ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့တိုက်ကြီး ဒေသရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၂ ခုတို့မှ ပါတီခေါင်းဆောင် ၄၂ ဦးတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲ အခမ်းအနားကို မွန်းလွဲ ၁၂ နာရီခွဲ တွင်ရပ်နားခဲ့ကြောင်း သိရသည်။

တင်မောင်ဇော်(တိုက်ကြီး)