ရပ်ကွက်ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ယမန် နေ့ မွန်းလွဲ ၂ နာရီခွဲ၌ ရပ်ကွက် ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံ ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်ပါတီအတွင်း အရေးမှူး ဒေါ်လဲ့လဲ့အေး၊ မြို့နယ် ပါတီလူငယ်ရေးရာ တာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ မြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ် စန်းကြည်၊ မြို့နယ်မီဒီယာတာဝန်ခံ ဒေါ်အေးအေးမြင့်နှင့်မြို့နယ်ကော် မတီများ၊ရပ်ကွက်ပါတီခေါင်းဆောင် များ တက်ရောက်ကြသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းလှိုင်က ယခုလ ၆ရက်မှစ၍ ယခုလ ၁ဝ ရက်အထိ ‘လူငယ်နှင့်အမျိုးသမီး များ၏လူမှုစွမ်းရည်မြှင့်တင်မှုသင် တန်း’ဖွင့်လှစ်ရန်အတွက် အစည်း အဝေးခေါ်ရခြင်းဖြစ်ကြောင်း၊ ထို သင်တန်းတွင် မြို့နယ်အတွင်းရှိ လူငယ်များ၊ အမျိုးသမီးများ သင် တန်းကိုတက်ရောက်ပေးရန်တိုက် တွန်းကြောင်း၊ လူငယ်ကဏ္ဍနှင့် အမျိုးသမီးကဏ္ဍမြင့်မားမှ ပါတီ အနာဂတ်လှပမည်ဖြစ်ကြောင်း၊ ပါတီအနာဂတ်သည် တစ်ချိန်တွင် တိုင်းပြည်၏အနာဂတ်ဖြစ်ကြောင်း၊ တိုင်းပြည်တွင်လည်း လူငယ်နှင့် အမျိုးသမီးကဏ္ဍသည်အရေးပါသော အခန်းကဏ္ဍဖြစ်သဖြင့် လူမှုစွမ်း ရည်သည် လူမှုစွမ်းအား၏အရင်း အမြစ်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက်မြို့နယ်ပါတီအတွင်း ရေးမှူး ဒေါ်လဲ့လဲ့အေးက အမျိုး သမီးတို့၏ အခန်းကဏ္ဍကိုအရှိန် အဟုန်ဖြင့်မြင့်မားအောင် မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေ ဖြင့် စဉ်ဆက်မပြတ် အလျဉ်းသင့် သလို သင်တန်းများဖွင့်လှစ်ဆောင် ရွက်လျက်ရှိကြောင်း၊ယခုသင်တန်း သည်လည်း လူငယ်နှင့်အမျိုးသမီး တို့၏အခန်းကဏ္ဍမြှင့်တင်သော သင်တန်းဖြစ်၍ ပါတီ၏အားတွေ ဖြည့်တင်းရာရောက်ကြောင်း၊ လူမှု စွမ်းရည်မြင့်မားဖို့ခေတ်နှင့်လျော်ညီ သောအတွေးအခေါ်၊နည်းပညာများ ပြည့်စုံရန်လိုအပ်ကြောင်း၊သင်တန်း ကာလမှာငါးရက်ဖြစ်ပြီး ဥာဏ် လင်းထက်-ကြယ်တံခွန်နည်းပညာ ကွန်ရက်အဖွဲ့မှ ကူညီဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသော ရပ်ကွက် ပါတီခေါင်းဆောင်များက အပြန် အလှန်ဆွေးနွေး၍ အစည်းအဝေး ကို ညနေ ၄ နာရီတွင်ပြီးဆုံး ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)