ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗားကို ဟားလ်စီးတီးအသင်း နည်းပြသစ်အဖြစ် ခန့်အပ်

ဟားလ်စီးတီးအသင်းသည် ပေါ်တူဂီလူမျိုး မာကိုဆေးလ်ဗားကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရ သည်။

 

ဟားလ်စီးတီးအသင်းသည် ပြီးခဲ့သည့် အင်္ဂါနေ့က နည်းပြမိုက်ဖီလန်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ် နေသည့် နည်းပြရာထူးအတွက် ပစ်မှတ်ထားလျာထားခဲ့သည့်စာရင်းတွင် မာကိုဆေးလ်ဗား ပါဝင်ခဲ့ခြင်း မရှိသော် လည်း မထင်မှတ်ဘဲ ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

မာကိုဆေးလ်ဗားသည် ဂရိကလပ် အိုလံပီယာကော့စ်အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့သူဖြစ်ပြီး အသက်(၃၉) နှစ်သာ ရှိသေးသူဖြစ်သည်။

ဟားလ်စီးတီးအသင်းက ၎င်းကို ရာသီကုန်အထိသာ ကာလတိုစာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သော်လည်း အသင်း၏ ဒုဥက္ကဋ္ဌ အီဟတ်အယ်လမ်က မာကိုဆေးလ်ဗား၏ ဘောလုံးဒဿနများကို သဘောကျ၍ လက်တွဲခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်တွင် လိုအပ်သည့်အားဖြည့်မှုများ ပြုလုပ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Ref ; Sky Sports