ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ (နိုဝင်ဘာ ၁၉ ရက်) နံနက် (၉)နာရီအချိန်၌ နေပြည်တော်ရှိ ပါတီဌာနချုပ် ခန်းမဆောင်ကြီးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

15078743_456294301212369_2907779463826351219_n15037339_1634381550194320_8058875058537796563_n

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သဘာပတိအဖြစ် ဒေါက်တာသန်းညွှန့်က တာဝန်ယူဆောင်ရွက်ခဲ့သည်။

ထို့နောက် သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီးပွားရေးဆိုင်ရာ ခေါင်းစဉ်များဖြစ်သော “နိုင်ငံတော်ဘဏ္ဍာရေး၊ငွေရေးကြေးရေးနှင့် စီးပွားရေး အခြေအနေ” ၊”အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မှုများ” ၊ “ကုန်သွယ်ရေးနှင့် အခြေခံကုန်ဈေးနှုန်း” တို့ကို နံနက်ပိုင်းတွင် ဆွေးနွေး သွားကြမည်ဖြစ်သည်။

မွန်းလွဲပိုင်းအခမ်းအနားအစီအစဉ်တွင် သဘာပတိအဖြစ် ဦးကျော်မြင့်က တာဝန်ယူဆောင်ရွက်ပြီး “နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်း ရင်းနှီး မြုပ်နှံမှုများအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း “ ၊ “ စာရင်းအင်း အချက်အလက်နှင့်ဖွံ့ဖြိုးတိုးတက်မှု “ အစရှိသော ခေါင်းစဉ်များကို ဆွေးနွေး သွားမည်ဖြစ်သည်။

Credit – Nay Htet Wai


Leave a Reply